ကိုယ်ဝန်ဆောင် ဘာစားသင့်သလဲ

ဗိုက်ကြီးသည် မိခင်လောင်းတစ်ယောက် ဘာစားသလဲဆိုတာ ဗိုက်ထဲက ကလေးရဲ့ ကျန်းမာရေးအပေါ် အများကြီး သက်ရောက်မှု ရှိပါတယ်။ ဗိုက်ကြီးသည် ပညာပေးစာတွေ များလွန်းတဲ့ ခေတ်မှာ မှတ်မိလွယ်အောင် အခြေခံ အချက်တွေ ရေးပေးလိုပါတယ်။

၁/ များများစားပါ
- ကန်စွန်း ဟင်းနုနွယ် အပါအဝင် စိမ်းလန်းသော ဟင်းသီးဟင်းရွက်, သစ်သီး, အာလူး, ကန်စွန်းဥ, ပေါင်မုန့်, ထမင်း နဲ့ ပဲ အမျိုးမျိုး

၂/ သင့်တင့်သလောက်စားပါ
- ဒိန်ချဉ်, နွားနို့, ကြက်ဥ, အဆီမပါတဲ့ အသား နဲ့ ရေချိုငါးများ

၃/ အနည်းငယ်သာစားပါ
- သကြားလုံ:, ချော့ကလတ်, ဘီစကစ်,ရေခဲမုန့်, ထောပတ်, ဆီရွှဲစာများနဲ့ ချိုလွန်းသောမုန့်များ

#နေနေမိုးဆွေ- Child Health Myanmar Page
#naynaymoeswe

Comments

Popular posts from this blog

ကိုယ်ဝန်ဆောင်စဉ်အန်ခြင်း

ကြုံတွေ့ရမည့်ကျန်းမာရေးပြသနာများ ၁

ကိုယ်ဝန်ဆောင်များ မလုပ်သင့်သောအရာများ