ကိုယ်ဝန်ပျက်ကျနိုင်သောအချက်များ

⛔️ဘာစားမိလို့ ကိုယ်ဝန်ပျက်ကျနိုင်ပါလဲ⛔️
========================
ရင်သွေးကျန်းမာရေးကို မိခင်ကျန်းမာရေးက လွှမ်းမိုးပါတယ်။ မိခင်တစ်ယောက် ကိုယ်ဝန်ဆောင်ဖို့ စပြင်ဆင်တာနဲ့ မိမိနဲ့ ကလေး နှစ်ယောက်စာ ကျန်းမာရေးတာဝန်ယူရပါတယ်။✅

ယေဘုယျအားဖြင့် သန့်ရှင်းလတ်ဆတ်ပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားစရာမှန်သမျှအကုန်စားလို့ရပါတယ်။ စားစရာက ကိုယ်ဝန်ကို ထိခိုက်စေတာ မဟုတ်ပဲ စားစရာမှာ မသိမသာပါလာတဲ့ ပိုးမွှားတွေက (ဥပမာ Listeria) ကိုယ်ဝန်ကို ပျက်စီးစေနိုင်တာကြောင့်ပါ။✅

သြစတေးလျ အစိုးရက ကိုယ်ဝန်ဆောင်များ ရှောင်ရှားဖို့ အစားအသောက်တွေစာရင်းပြုပေးထားတာကို အခြေခံပြီး မြန်မာနိုင်ငံနဲ့ သင့်လျော်တဲ့ အချက်အလက်များကို ကောက်နုတ်လျက် အောက်ပါအတိုင်း မျှဝေ အသိပေးလိုပါတယ်။

⛔️၁/ မကျက်တကျက်ချက်ထားသော အသားနှင့် ဥ အမျိုးမျိုး

(မှတ်ချက်-ကျက်အောင်ချက်ထားသော်လည်း ရေခဲသေတ္တာထဲ သိမ်းထားပြီး ပူအောင် သေချာနွှေးမစားလျှင် ရောဂါပိုးပါနိုင်ပါတယ်။)

⛔️၂/ ကြက်ဝက်၏ အသဲနှင့် အခြားတိရိစ္ဆာန် အသဲများ (ဝက်သားဒုတ်ထိုး စားသူများသတိပြုရန်)

⛔️၃/ ပင်လယ်စာ အစိမ်းများ (sushi စားသူများသတိပြုရန်)

⛔️၄/ မကျိုပဲသောက်သော တိရိစ္ဆာန်နို့စိမ်းများ ( ဥပမာ ဆိတ်နို့)

⛔️၅/ ပျော်နေသော ရေခဲမုန်ပျော့၊ cheese -ဒိန်ခဲ ရေခဲမုန့် နဲ့ cheese စသော နို့ထွက် ပစ္စည်းများ ပြုလုပ်ရာမှာ သုံးတဲ့ နွားနို့က အစိမ်းဖြစ်နေခဲ့သော် ရောဂါပိုးပါနိုင်ပါတယ်။

( မှတ်ချက်-အေးခဲပြီးမာတောင့်နေသော ရေခဲမုန့်ထဲတွင်ရောဂါ ပိုးမရှင်နိုင်၍ အလွန်စားချင်လျှင် စားပါ။)

အသိမျှဝေခြင်းဖြင့် ကိုယ်ဝန်ဆောင်များကို သတိပေးကြပါစို့။✅

#နေနေမိုးဆွေ-Child Health Myanmar Page
#naynaymoeswe

Comments

Popular posts from this blog

ကိုယ်ဝန်ဆောင်စဉ်အန်ခြင်း

ကြုံတွေ့ရမည့်ကျန်းမာရေးပြသနာများ ၁

ကိုယ်ဝန်ဆောင်များ မလုပ်သင့်သောအရာများ