ကိုယ်ဝန်ဆောင်စဉ်ရှောင်ရန်အချက်များ

ကိုယ်ဝန်ဆောင်စဉ် ရှောင်ရန်(၆)ချက်
=-=-=-=-=-=-=-=-=-=-=-=-=-=-=

အမျိုးသမီးတစ်ယောက်အတွက် အလွန်အရေးကြီးဆုံးအချိန်ကို ပြပါဆိုရင် ကိုယ်ဝန်ဆောင်ချိန်ပဲ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်ဟာ အသက်နှစ်ခုနဲ့ သက်ဆိုင်တဲ့ ကာလဖြစ်လို့ အလွန်အရေးကြီးတဲ့ အတိုင်းအတာတစ်ခုအဖြစ် ရှိနေပါတယ်။

ကိုယ်ဝန်ဆောင်စဉ်ကာလမှာ ရှောင်ရမယ့်အရာ (၆)မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ဖိအားတွေကို ရှောင်ပါ

စိတ်ဖိအားများတဲ့ မိခင်လောင်းရဲ့သက်ရောက်မှုကို  ဗိုက်ထဲမှာရှိတဲ့ ကလေးငယ်က တိုက်ရိုက်ခံစားရပါတယ်။ နေ့မစေ့လမစေ့ ကလေးမွေးခြင်း၊ ဓာတ်ချုပ်ခြင်း၊ နောက်ကျောနာကြင်ခြင်း၊ ကလေး ပေါင်ချိန်မပြည့်ဘဲ မွေးဖွားခြင်းတိုြ့ဖစ်စေပါတယ်။

(၂) ဆေးလိပ်/အရက် ရှောင်ပါ

မြန်မာနိုင်ငံမှာတော့ အမျိုးသမီးထု တော်တော်တော်များများ အရက်ကိုတော့ ရှောင်ကြပါတယ်။ ဆေးလိပ်သောက်တဲ့ အမျိုးသမီးတွေလည်း ရှိနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ် ဆေးလိပ်အရက်သောက်ခြင်းကြောင့် ဉာဏ်ရည်မမီတဲ့ကလေးကို မွေးဖွားစေပြီး၊ နာကျင်ခြင်း၊ မွေးဖွားစဉ် အသက်အနန္တရာယ်ကို ထိခိုက်စေခြင်း၊ ကလေးအသေ မွေးဖွားခြင်း စတာ
တွေ ဖြစ်စေနိုင်ပါတယ်။

(၃) OTC နဲ့ Aspirin ဆေးပြားများကို ရှောင်ကြဉ်ပါ

အဆိုပါဆေးဝါးတွေဟာ ကိုယ်ဝန်ဆောင်အတွက် ဘေးထွက်ဆိုးကျိုးတွေ အများကြီးပါပါတယ်။ များသေားအားဖြင့် ပါရာစီတမောလ်ပါဝင်တဲ့ အကိုက်အခဲပျောက်ဆေးပြားတွေဟာ ဗိုက်ထဲမှာရှိတဲ့ ကလေးကို ထိခိုက်စေနိုင်ပါတယ်။

(၄) အိမ်မွေးတိရစ္ဆာန် ကြောင်/ခွေး စသည်ကို မကိုင်တွယ်ပါနဲ့

အထူးသဖြင့် အိမ်မွေးကြောင်တွေမှာ  toxoplasmosis ဆိုတဲ့ ကပ်ပါးပိုးတွေ သယ်ဆောင်လာနိုင်ပါတယ်။ ခွေးနဲ့အခြားတိရစ္ဆာန်တွေမှာလည်း ရှိတတ်ပါတယ်။  toxoplasmosis ကပ်ပါးပိုးဟာ မွေးကင်းစကလေးငယ်နဲ့ မကျန်းမမာဖြစ်စေပါတယ်။

(၅) ကဖိန်းဓာတ်ပါဝင်တဲ့ အစားအစာတွေကို ရှောင်ပါ

အထူးသဖြင့် ကော်ဖီမှာ ကဖိန်းဓာတ် မြောက်များစွာပါဝင်ပါတယ်။ ဒါ့အပြင် ချောကလတ်နဲ့ ကော်ဖီအခြေခံမုန့်တွေမှာ ကဖိန်းဓာတ် ပါဝင်ပါတယ်။ ကဖိန်းဓာတ်ဟာ ကလေးငယ်ကို မွေးရာပါ နှလုံးရောဂါ ဖြစ်စေပြီး၊ ဦးနှောက်ဖွံ့ဖြိုးမှု စတာတွေကိုလည်း နှောင့်နှေးစေပါတယ်။

(၆) ဖြည့်စွက် ဗီတာမင် A ဆေးပြားများကို ရှောင်ကြဉ်ပါ

ဗီတာမင် A ဖြည့်စွက်ဆေးပြားတွေကို စားမယ့်အစား အသီးအနှံကို များများ စားသုံးပေးခြင်းက ပိုပြီးထိရောက်ပါတယ်။ အသီးအနှံတွေ အားလုံးနီးပါးမှာ ဗီတာမင် A အပြင် အခြားသက်စောင့်ဓာတ်တွေ ပါဝင်ပြီး ဆိုးကျိုးမရှိပါဘူး။

Credit: နတ်စည်တော် (Shwemom)

Comments

Popular posts from this blog

ကိုယ်ဝန်ဆောင်စဉ်အန်ခြင်း

ကြုံတွေ့ရမည့်ကျန်းမာရေးပြသနာများ ၁

ကိုယ်ဝန်ဆောင်များ မလုပ်သင့်သောအရာများ