Posts

ကိုယ်ဝန်ဆောင်နှင့်ဆေးဝါးများ

Image
ကိုယ်ဝန်ဆောင်နှင့် ဆေးဝါးများ ~~~~~~~~~~~~~~~~~~~~~~ ကိုယ်ဝန်ဆောင်စဉ် ဆေးသောက်မယ်ဆိုရင် ကလေးကို ထိခိုက်နိုင်လား ဆိုတဲ့အချက်ကို အမြဲစဉ်းစားရပါတယ်။ ကိုယ်ဝန်ရှိမှန်း ဆရာဝန်ကသိရင် ကလေးကို အန္တရာယ်မဖြစ်စေမယ့် ဆေးကိုသာ ဆရာဝန်က ပေးပါလိမ့်မယ်။ ကိုယ်ဝန်ရဖို့ ကြိုးစားနေရင်လည်း ဆေးပေးမယ့် ဆရာဝန်ကို အသိပေးသင့်ပါတယ်။ မြန်မာနိုင်ငံမှာ ဆေးအတော်များများကို ဆရာဝန်ရဲ့ ဆေးစာမပါဘဲ ဝယ်ယူနိုင်ပါတယ်။ ဆေးရောင်းသူ အများစုကလည်း ဆေးဝါးကျွမ်းကျင်များ (Pharmacist) မဟုတ်ကြပါ။ မြန်မာဆေးနှင့် ဓာတ်စာဆေးများကိုလည်း အလွယ်တကူ အသုံးပြုနေကြပါတယ်။ ဓာတ်စာ ရောင်းချသူများရဲ့ အယုံသွင်းမှုကလည်း ကြောက်ခမန်းလိလိ။ လူ့လောကထဲ ရောက်မလာသေးတဲ့ ကလေးမှာ ရသွားနိုင်တဲ့ ဆိုးကျိုးတွေကတော့ ဒုနဲ့ဒေး။ အနောက်တိုင်း ဆေးတိုင်းကို အုပ်စုခွဲပြီး ကိုယ်ဝန်ဆောင်စဉ် သုံးရင် ဘယ်လောက် အန္တရာယ်ကင်းမကင်းဆိုတာ သတ်မှတ်ထားပါတယ်။ နိုင်ငံများရဲ့ FDA အဖွဲ့အစည်းများက လုပ်ဆောင်ပါတယ်။ နိုင်ငံမတူရင် ဆေးတူပေမယ့် အုပ်စုကွဲတာလည်း ရှိတတ်ပါတယ်။ အုပ်စုများ -------- Category A - အန္တရာယ် မရှိပါ။ Category B - လူမှာ သုတေသန အနည်းငယ်လုပ်ထားပြီး အန္တရာယ်ရှိကြောင်း မတွေ့ရပ...

ဘာအားဆေးတွေသောက်သင့်လဲ

Image
🤰🏻ကိုယ်ဝန်ဆောင် ဘာအားဆေးများ သောက်ဖို့လိုမလဲ🤰🏻 🔷 ဖောလစ်အက်ဆစ် Folic Acid🔷 ကိုယ်ဝန်ဆောင်တိုင်းအတွက် မရှိမဖြစ်သောက်သင့်သော အားဆေးတစ်မျိုးကို ပြောရလျှင် ဖောလစ်အက်ဆစ်ဖြစ်သည်။ ဖောလစ်အက်ဆစ်က သန္ဓေသား၏ ဦးနှောက်နှင့် အာရုံကြောဖွံ့ ဖြိုးမှုအတွက် မရှိမဖြစ်လိုသည်။ ကိုယ်ဝန်မရှိခင် ၂ လမှစသောက်နိုင်လျှင် အကောင်းဆုံးဖြစ်သည်။ တစ်ရက်လျှင် ၀.၅ မီလီဂရမ် သောက်သင့်ပါသည်။ အောက်ပါအမျိုးသမီးများက တစ်ရက်လျှင် ၅ မီလီဂရမ် သောက်သင့်သည်။ 📍ကိုယ်ဝန်မရှိခင် ဆီးချိုရှိပြီးသူများ 📍အတက်ရောဂါဆေးသောက်နေသူများ 📍အဝလွန်သူများ 📍အမွှာကိုယ်ဝန်ဆောင်များ 📍မွေးရာပါ အာရုံကြောမကြီးတွင် ချို့ယွင်းချက်ရှိသော ကလေးကို မွေးဖူးသူများ 📍မွေးရာပါ နှလုံးရောဂါရှိသော ကလေးကို မွေးဖူးသူများ 🔷သံဓာတ် (Iron, Fe)🔷 ကိုယ်ဝန်သည်တိုင်းသောက်ရန်မလိုပါ။ 📍မကြိုက်၍ ဖြစ်စေ၊ အခြားအကြောင်းကြောင့် ဖြစ်စေ နေ့စဉ် အသားမစားဖြစ်သောသူများ၊ 📍အစိမ်းရင့်ရောင် ဟင်းရွက်နှင့်အမဲသား၊ ဆိတ်သား လုံးဝမစားသောသူများ၊ 📍သွေးအားနည်းရောဂါ( Anaemia) ရှိသူများ သောက်သင့်သည်။ ကိုယ်ဝန်ရှိစနှင့် ကိုယ်ဝန် ၂၈ ပတ်ဝန်းကျင်တွင် သွေးအားနည်းခြင်းရှိမရှိ စစ်ဆေးသင်...

ကိုယ်ဝန်ဆောင် ဘာစားသင့်သလဲ

Image
ဗိုက်ကြီးသည် မိခင်လောင်းတစ်ယောက် ဘာစားသလဲဆိုတာ ဗိုက်ထဲက ကလေးရဲ့ ကျန်းမာရေးအပေါ် အများကြီး သက်ရောက်မှု ရှိပါတယ်။ ဗိုက်ကြီးသည် ပညာပေးစာတွေ များလွန်းတဲ့ ခေတ်မှာ မှတ်မိလွယ်အောင် အခြေခံ အချက်တွေ ရေးပေးလိုပါတယ်။ ၁/ များများစားပါ - ကန်စွန်း ဟင်းနုနွယ် အပါအဝင် စိမ်းလန်းသော ဟင်းသီးဟင်းရွက်, သစ်သီး, အာလူး, ကန်စွန်းဥ, ပေါင်မုန့်, ထမင်း နဲ့ ပဲ အမျိုးမျိုး ၂/ သင့်တင့်သလောက်စားပါ - ဒိန်ချဉ်, နွားနို့, ကြက်ဥ, အဆီမပါတဲ့ အသား နဲ့ ရေချိုငါးများ ၃/ အနည်းငယ်သာစားပါ - သကြားလုံ:, ချော့ကလတ်, ဘီစကစ်,ရေခဲမုန့်, ထောပတ်, ဆီရွှဲစာများနဲ့ ချိုလွန်းသောမုန့်များ #နေနေမိုးဆွေ- Child Health Myanmar Page #naynaymoeswe

ကိုယ်ဝန်ပျက်ကျနိုင်သောအချက်များ

Image
⛔️ဘာစားမိလို့ ကိုယ်ဝန်ပျက်ကျနိုင်ပါလဲ⛔️ ======================== ရင်သွေးကျန်းမာရေးကို မိခင်ကျန်းမာရေးက လွှမ်းမိုးပါတယ်။ မိခင်တစ်ယောက် ကိုယ်ဝန်ဆောင်ဖို့ စပြင်ဆင်တာနဲ့ မိမိနဲ့ ကလေး နှစ်ယောက်စာ ကျန်းမာရေးတာဝန်ယူရပါတယ်။✅ ယေဘုယျအားဖြင့် သန့်ရှင်းလတ်ဆတ်ပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားစရာမှန်သမျှအကုန်စားလို့ရပါတယ်။ စားစရာက ကိုယ်ဝန်ကို ထိခိုက်စေတာ မဟုတ်ပဲ စားစရာမှာ မသိမသာပါလာတဲ့ ပိုးမွှားတွေက (ဥပမာ Listeria) ကိုယ်ဝန်ကို ပျက်စီးစေနိုင်တာကြောင့်ပါ။✅ သြစတေးလျ အစိုးရက ကိုယ်ဝန်ဆောင်များ ရှောင်ရှားဖို့ အစားအသောက်တွေစာရင်းပြုပေးထားတာကို အခြေခံပြီး မြန်မာနိုင်ငံနဲ့ သင့်လျော်တဲ့ အချက်အလက်များကို ကောက်နုတ်လျက် အောက်ပါအတိုင်း မျှဝေ အသိပေးလိုပါတယ်။ ⛔️၁/ မကျက်တကျက်ချက်ထားသော အသားနှင့် ဥ အမျိုးမျိုး (မှတ်ချက်-ကျက်အောင်ချက်ထားသော်လည်း ရေခဲသေတ္တာထဲ သိမ်းထားပြီး ပူအောင် သေချာနွှေးမစားလျှင် ရောဂါပိုးပါနိုင်ပါတယ်။) ⛔️၂/ ကြက်ဝက်၏ အသဲနှင့် အခြားတိရိစ္ဆာန် အသဲများ (ဝက်သားဒုတ်ထိုး စားသူများသတိပြုရန်) ⛔️၃/ ပင်လယ်စာ အစိမ်းများ (sushi စားသူများသတိပြုရန်) ⛔️၄/ မကျိုပဲသောက်သော တိရိစ္ဆာန်နို့စိမ်းများ ( ဥပမာ ဆိတ...

ကိုယ်ဝန်ဆောင်များ မလုပ်သင့်သောအရာများ

Image
ကိုယ်ဝန်ဆောင်အမျိုးသမီးမ လုပ်သင့်သောအရာအချို့ -ဆေးလိပ်မသောက်ရ  *ကိုယ်တိုင်လည်းမသောက်သင့်၊ ဆေးလိပ်သောက်သူအနီးလည်းမနေသင့်* -အရက်မသောက်ရ  *ကိုယ်ဝန် ရရန်ကြိုးစားခါစကပင်မသောက် သင့်တော့* -ကော်ဖီအလွန်အကျွံမသောက်ရ။ -မကျက်တကျက်သားငါးများနှင့်အချိန်ကြာမြင့်စွာကတည်းက ချက်ပြုတ်ထားသောအစားအစာများမစားသုံးရ။ -ရထားကားစီးလျှင်အချိန်ုကြာမြင့်စွာရက်ပြီးမစီးသင့်။ *ကိုယ်ဝန်ဆောင်ကိုဦးစားပေးကြပါ* -ကိုယ်ဝန်၂၈ပါတ်နောက်ပိုင်းလေယာဉ်မစီးသင့်။ -ကိုယ်ဝန်ဆောင်အားဆေးမှလွဲ၍မလိုအပ်ပဲဆေးမသောက်ရ။ လိုအပ်လျှင်ဆရာဝန်ညွှန်ကြား ချက်ဖြင့်သောက်ပါ။ -ပက်လက်မအိပ်သင့် *ဘယ်ဘက်သို့စောင်း၍အိပ်သင့်သည်* -ရေကျောက်၊ ဝက်သတ်၊ အဖျားကြီးသောလူနာများနှင့်နီးကပ်စွာနေထိုင်ခြင်းမပြုရ။ *ထိတွေ့ခဲ့ လျှင်ဆရာဝန်နှင့်ဆွေးနွေးပါ* -ကြောင်၊ ခွေး တိရိစ္ဆာန်များ ၏ မစင်များနှင့် မထိတွေ့ရ။ အခြားမိသားစုဝင်များကိုအကူအညီတောင်းဆေးကြောခိုင်းပါ။ Rayan

ကြုံတွေ့ရသည့်ကျန်းမာရေးပြသနာများ ၂

Image
ကိုယ်ဝန်ဆောင်စဉ် ကြုံတွေ့ရလေ့ရှိသည့် ကျန်းမာရေး ပြဿနာများ (၂) ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ ဝမ်းချုပ်ခြင်း 🔺🔺🔺🔺 🔹အကြောင်းရင်း - ဟော်မုန်းကြောင့် အူနံရံတွေ ပျော့ပြီး သိပ်အလုပ်မလုပ်လို့ရယ် သားအိမ်က အူမကြီးကို ဖိလို့ရယ်ကြောင့်ပါ။ - သံဓာတ် အားဆေးကလည်း ဝမ်းချုပ်စေပါတယ်။ 🔹ကူညီ ကုသခြင်း - ရေများများ ပုံမုန် သောက်ပါ။ - ဟင်းသီးဟင်းရွက် များများစားပါ။ - လမ်းလျှောက် လေ့ကျင့်ခန်း လုပ်ပါ။ - အိမ်သာ မှန်မှန်ထိုင်ပါ။ - ဝမ်းနုတ်ဆေးများ ရေရှည်ဆွဲ မသောက်သင့်ပါ။ အချို့ဝမ်းနုတ်ဆေးတွေက ကိုယ်ဝန်ကို ထိခိုက်နိုင်ပါတယ်၊ မသောက်ရပါ။ ဥပမာ - ကြက်ဆူဆီ     လိပ်ခေါင်း 🔺🔺🔺🔺 🔹အကြောင်းရင်း - ဝမ်းချုပ်လို့ ဝမ်းညှစ်လို့ ဖြစ်တာပါ။ - လိပ်ခေါင်းထဲမှာ ဖောင်းနေတဲ့ သွေးကြောတွေ ရှိပါတယ်။ သွေးကြောနံရံ ကြွက်သားမျှင်တွေ ဟော်မုန်းကြောင့် ပျော့ပျောင်းနေလို့ ပိုဖြစ်ပါတယ်။ 🔹ကူညီ ကုသခြင်း - ဝမ်းမချုပ်အောင် ကြိုးစားပါ။ အစားအသောက် ဆင်ခြင်ရုံနဲ့မရရင် ဝမ်းနုတ်ဆေး တစ်ပတ်လောက် သောက်ကြည့်နိုင်ပါတယ်။ Psyllium (Bulk forming), Lactulose (Osmotic), Docusate (stool softener) တွေ အစဉ်လိုက်...

ကြုံတွေ့ရမည့်ကျန်းမာရေးပြသနာများ ၁

Image
ကိုယ်ဝန်ဆောင်စဉ် ကြုံတွေ့ရလေ့ရှိသည့် ကျန်းမာရေး ပြဿနာများ (၁) ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ ကိုယ်ဝန်ဆောင်စဉ်မှာ ဟော်မုန်းအပြောင်းအလဲကြောင့် ကျန်းမာရေး ပြဿနာ အတော်များများ ကြုံတွေ့ရနိုင်ပါတယ်။ တော်တော်များများက မပြင်းထန် အန္တရာယ်မကြီးသော်လည်း အချို့ကတော့ တော်တော်လေးကို စိတ်အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။ ဒီပြဿနာတွေကို ဘယ်လိုကူညီ ကုသနိုင်သလဲကို ပြောပြပါ့မယ်။ အအိပ်ပျက်ခြင်း 🔺🔺🔺🔺🔺 🔹အကြောင်းရင်း စိုးရိမ်လွန်ခြင်း (anxiety)၊ ညဘက် ဆီးသွားများခြင်း၊ ကလေးလှုပ်ခြင်း၊ ကြွက်တက်ခြင်း၊ ခါးနာခြင်း၊ အချဉ် လေ ဆန်ခြင်း များကြောင့် ဖြစ်နိုင်ပါတယ်။ 🔹ကူညီ ကုသခြင်း ☑️အချိန်မှန် အိပ်ရာဝင်ပါ။ ✖️အိပ်ရာဝင်ခါနီး အစာစားခြင်း၊ ရေများများသောက်ခြင်း၊ အားကစားလုပ်ခြင်းများ ရှောင်ပါ။ ☑️တရားထိုင်ခြင်း၊ အနိပ်ခံခြင်း၊ ရေနွေးနွေးဖြင့် ရေချိုးခြင်း၊ မွေ့ရာခပ်မာမာဖြင့် အိပ်ခြင်းတို့ကို လုပ်နိုင်ပါတယ်။ ✖️အလင်းရောင်၊ ဆူညံသံ နည်းနိုင်သမျှ နည်းပါစေ။ ☑️ဒီ post ထဲရေးထားတဲ့ အခြား ပြဿနာတွေကိုလည်း ဖြေရှင်းပါ။ စိုးရိမ်လွန်ခြင်း၊ စိတ်ဆတ်ခြင်း၊ စိတ်ကျခြင်း 🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺 🔹အကြောင...