Posts

Showing posts from February, 2019

ကိုယ်ဝန်ဆောင်နှင့်ဆေးဝါးများ

Image
ကိုယ်ဝန်ဆောင်နှင့် ဆေးဝါးများ ~~~~~~~~~~~~~~~~~~~~~~ ကိုယ်ဝန်ဆောင်စဉ် ဆေးသောက်မယ်ဆိုရင် ကလေးကို ထိခိုက်နိုင်လား ဆိုတဲ့အချက်ကို အမြဲစဉ်းစားရပါတယ်။ ကိုယ်ဝန်ရှိမှန်း ဆရာဝန်ကသိရင် ကလေးကို အန္တရာယ်မဖြစ်စေမယ့် ဆေးကိုသာ ဆရာဝန်က ပေးပါလိမ့်မယ်။ ကိုယ်ဝန်ရဖို့ ကြိုးစားနေရင်လည်း ဆေးပေးမယ့် ဆရာဝန်ကို အသိပေးသင့်ပါတယ်။ မြန်မာနိုင်ငံမှာ ဆေးအတော်များများကို ဆရာဝန်ရဲ့ ဆေးစာမပါဘဲ ဝယ်ယူနိုင်ပါတယ်။ ဆေးရောင်းသူ အများစုကလည်း ဆေးဝါးကျွမ်းကျင်များ (Pharmacist) မဟုတ်ကြပါ။ မြန်မာဆေးနှင့် ဓာတ်စာဆေးများကိုလည်း အလွယ်တကူ အသုံးပြုနေကြပါတယ်။ ဓာတ်စာ ရောင်းချသူများရဲ့ အယုံသွင်းမှုကလည်း ကြောက်ခမန်းလိလိ။ လူ့လောကထဲ ရောက်မလာသေးတဲ့ ကလေးမှာ ရသွားနိုင်တဲ့ ဆိုးကျိုးတွေကတော့ ဒုနဲ့ဒေး။ အနောက်တိုင်း ဆေးတိုင်းကို အုပ်စုခွဲပြီး ကိုယ်ဝန်ဆောင်စဉ် သုံးရင် ဘယ်လောက် အန္တရာယ်ကင်းမကင်းဆိုတာ သတ်မှတ်ထားပါတယ်။ နိုင်ငံများရဲ့ FDA အဖွဲ့အစည်းများက လုပ်ဆောင်ပါတယ်။ နိုင်ငံမတူရင် ဆေးတူပေမယ့် အုပ်စုကွဲတာလည်း ရှိတတ်ပါတယ်။ အုပ်စုများ -------- Category A - အန္တရာယ် မရှိပါ။ Category B - လူမှာ သုတေသန အနည်းငယ်လုပ်ထားပြီး အန္တရာယ်ရှိကြောင်း မတွေ့ရပ...

ဘာအားဆေးတွေသောက်သင့်လဲ

Image
🤰🏻ကိုယ်ဝန်ဆောင် ဘာအားဆေးများ သောက်ဖို့လိုမလဲ🤰🏻 🔷 ဖောလစ်အက်ဆစ် Folic Acid🔷 ကိုယ်ဝန်ဆောင်တိုင်းအတွက် မရှိမဖြစ်သောက်သင့်သော အားဆေးတစ်မျိုးကို ပြောရလျှင် ဖောလစ်အက်ဆစ်ဖြစ်သည်။ ဖောလစ်အက်ဆစ်က သန္ဓေသား၏ ဦးနှောက်နှင့် အာရုံကြောဖွံ့ ဖြိုးမှုအတွက် မရှိမဖြစ်လိုသည်။ ကိုယ်ဝန်မရှိခင် ၂ လမှစသောက်နိုင်လျှင် အကောင်းဆုံးဖြစ်သည်။ တစ်ရက်လျှင် ၀.၅ မီလီဂရမ် သောက်သင့်ပါသည်။ အောက်ပါအမျိုးသမီးများက တစ်ရက်လျှင် ၅ မီလီဂရမ် သောက်သင့်သည်။ 📍ကိုယ်ဝန်မရှိခင် ဆီးချိုရှိပြီးသူများ 📍အတက်ရောဂါဆေးသောက်နေသူများ 📍အဝလွန်သူများ 📍အမွှာကိုယ်ဝန်ဆောင်များ 📍မွေးရာပါ အာရုံကြောမကြီးတွင် ချို့ယွင်းချက်ရှိသော ကလေးကို မွေးဖူးသူများ 📍မွေးရာပါ နှလုံးရောဂါရှိသော ကလေးကို မွေးဖူးသူများ 🔷သံဓာတ် (Iron, Fe)🔷 ကိုယ်ဝန်သည်တိုင်းသောက်ရန်မလိုပါ။ 📍မကြိုက်၍ ဖြစ်စေ၊ အခြားအကြောင်းကြောင့် ဖြစ်စေ နေ့စဉ် အသားမစားဖြစ်သောသူများ၊ 📍အစိမ်းရင့်ရောင် ဟင်းရွက်နှင့်အမဲသား၊ ဆိတ်သား လုံးဝမစားသောသူများ၊ 📍သွေးအားနည်းရောဂါ( Anaemia) ရှိသူများ သောက်သင့်သည်။ ကိုယ်ဝန်ရှိစနှင့် ကိုယ်ဝန် ၂၈ ပတ်ဝန်းကျင်တွင် သွေးအားနည်းခြင်းရှိမရှိ စစ်ဆေးသင်...

ကိုယ်ဝန်ဆောင် ဘာစားသင့်သလဲ

Image
ဗိုက်ကြီးသည် မိခင်လောင်းတစ်ယောက် ဘာစားသလဲဆိုတာ ဗိုက်ထဲက ကလေးရဲ့ ကျန်းမာရေးအပေါ် အများကြီး သက်ရောက်မှု ရှိပါတယ်။ ဗိုက်ကြီးသည် ပညာပေးစာတွေ များလွန်းတဲ့ ခေတ်မှာ မှတ်မိလွယ်အောင် အခြေခံ အချက်တွေ ရေးပေးလိုပါတယ်။ ၁/ များများစားပါ - ကန်စွန်း ဟင်းနုနွယ် အပါအဝင် စိမ်းလန်းသော ဟင်းသီးဟင်းရွက်, သစ်သီး, အာလူး, ကန်စွန်းဥ, ပေါင်မုန့်, ထမင်း နဲ့ ပဲ အမျိုးမျိုး ၂/ သင့်တင့်သလောက်စားပါ - ဒိန်ချဉ်, နွားနို့, ကြက်ဥ, အဆီမပါတဲ့ အသား နဲ့ ရေချိုငါးများ ၃/ အနည်းငယ်သာစားပါ - သကြားလုံ:, ချော့ကလတ်, ဘီစကစ်,ရေခဲမုန့်, ထောပတ်, ဆီရွှဲစာများနဲ့ ချိုလွန်းသောမုန့်များ #နေနေမိုးဆွေ- Child Health Myanmar Page #naynaymoeswe

ကိုယ်ဝန်ပျက်ကျနိုင်သောအချက်များ

Image
⛔️ဘာစားမိလို့ ကိုယ်ဝန်ပျက်ကျနိုင်ပါလဲ⛔️ ======================== ရင်သွေးကျန်းမာရေးကို မိခင်ကျန်းမာရေးက လွှမ်းမိုးပါတယ်။ မိခင်တစ်ယောက် ကိုယ်ဝန်ဆောင်ဖို့ စပြင်ဆင်တာနဲ့ မိမိနဲ့ ကလေး နှစ်ယောက်စာ ကျန်းမာရေးတာဝန်ယူရပါတယ်။✅ ယေဘုယျအားဖြင့် သန့်ရှင်းလတ်ဆတ်ပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားစရာမှန်သမျှအကုန်စားလို့ရပါတယ်။ စားစရာက ကိုယ်ဝန်ကို ထိခိုက်စေတာ မဟုတ်ပဲ စားစရာမှာ မသိမသာပါလာတဲ့ ပိုးမွှားတွေက (ဥပမာ Listeria) ကိုယ်ဝန်ကို ပျက်စီးစေနိုင်တာကြောင့်ပါ။✅ သြစတေးလျ အစိုးရက ကိုယ်ဝန်ဆောင်များ ရှောင်ရှားဖို့ အစားအသောက်တွေစာရင်းပြုပေးထားတာကို အခြေခံပြီး မြန်မာနိုင်ငံနဲ့ သင့်လျော်တဲ့ အချက်အလက်များကို ကောက်နုတ်လျက် အောက်ပါအတိုင်း မျှဝေ အသိပေးလိုပါတယ်။ ⛔️၁/ မကျက်တကျက်ချက်ထားသော အသားနှင့် ဥ အမျိုးမျိုး (မှတ်ချက်-ကျက်အောင်ချက်ထားသော်လည်း ရေခဲသေတ္တာထဲ သိမ်းထားပြီး ပူအောင် သေချာနွှေးမစားလျှင် ရောဂါပိုးပါနိုင်ပါတယ်။) ⛔️၂/ ကြက်ဝက်၏ အသဲနှင့် အခြားတိရိစ္ဆာန် အသဲများ (ဝက်သားဒုတ်ထိုး စားသူများသတိပြုရန်) ⛔️၃/ ပင်လယ်စာ အစိမ်းများ (sushi စားသူများသတိပြုရန်) ⛔️၄/ မကျိုပဲသောက်သော တိရိစ္ဆာန်နို့စိမ်းများ ( ဥပမာ ဆိတ...

ကိုယ်ဝန်ဆောင်များ မလုပ်သင့်သောအရာများ

Image
ကိုယ်ဝန်ဆောင်အမျိုးသမီးမ လုပ်သင့်သောအရာအချို့ -ဆေးလိပ်မသောက်ရ  *ကိုယ်တိုင်လည်းမသောက်သင့်၊ ဆေးလိပ်သောက်သူအနီးလည်းမနေသင့်* -အရက်မသောက်ရ  *ကိုယ်ဝန် ရရန်ကြိုးစားခါစကပင်မသောက် သင့်တော့* -ကော်ဖီအလွန်အကျွံမသောက်ရ။ -မကျက်တကျက်သားငါးများနှင့်အချိန်ကြာမြင့်စွာကတည်းက ချက်ပြုတ်ထားသောအစားအစာများမစားသုံးရ။ -ရထားကားစီးလျှင်အချိန်ုကြာမြင့်စွာရက်ပြီးမစီးသင့်။ *ကိုယ်ဝန်ဆောင်ကိုဦးစားပေးကြပါ* -ကိုယ်ဝန်၂၈ပါတ်နောက်ပိုင်းလေယာဉ်မစီးသင့်။ -ကိုယ်ဝန်ဆောင်အားဆေးမှလွဲ၍မလိုအပ်ပဲဆေးမသောက်ရ။ လိုအပ်လျှင်ဆရာဝန်ညွှန်ကြား ချက်ဖြင့်သောက်ပါ။ -ပက်လက်မအိပ်သင့် *ဘယ်ဘက်သို့စောင်း၍အိပ်သင့်သည်* -ရေကျောက်၊ ဝက်သတ်၊ အဖျားကြီးသောလူနာများနှင့်နီးကပ်စွာနေထိုင်ခြင်းမပြုရ။ *ထိတွေ့ခဲ့ လျှင်ဆရာဝန်နှင့်ဆွေးနွေးပါ* -ကြောင်၊ ခွေး တိရိစ္ဆာန်များ ၏ မစင်များနှင့် မထိတွေ့ရ။ အခြားမိသားစုဝင်များကိုအကူအညီတောင်းဆေးကြောခိုင်းပါ။ Rayan

ကြုံတွေ့ရသည့်ကျန်းမာရေးပြသနာများ ၂

Image
ကိုယ်ဝန်ဆောင်စဉ် ကြုံတွေ့ရလေ့ရှိသည့် ကျန်းမာရေး ပြဿနာများ (၂) ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ ဝမ်းချုပ်ခြင်း 🔺🔺🔺🔺 🔹အကြောင်းရင်း - ဟော်မုန်းကြောင့် အူနံရံတွေ ပျော့ပြီး သိပ်အလုပ်မလုပ်လို့ရယ် သားအိမ်က အူမကြီးကို ဖိလို့ရယ်ကြောင့်ပါ။ - သံဓာတ် အားဆေးကလည်း ဝမ်းချုပ်စေပါတယ်။ 🔹ကူညီ ကုသခြင်း - ရေများများ ပုံမုန် သောက်ပါ။ - ဟင်းသီးဟင်းရွက် များများစားပါ။ - လမ်းလျှောက် လေ့ကျင့်ခန်း လုပ်ပါ။ - အိမ်သာ မှန်မှန်ထိုင်ပါ။ - ဝမ်းနုတ်ဆေးများ ရေရှည်ဆွဲ မသောက်သင့်ပါ။ အချို့ဝမ်းနုတ်ဆေးတွေက ကိုယ်ဝန်ကို ထိခိုက်နိုင်ပါတယ်၊ မသောက်ရပါ။ ဥပမာ - ကြက်ဆူဆီ     လိပ်ခေါင်း 🔺🔺🔺🔺 🔹အကြောင်းရင်း - ဝမ်းချုပ်လို့ ဝမ်းညှစ်လို့ ဖြစ်တာပါ။ - လိပ်ခေါင်းထဲမှာ ဖောင်းနေတဲ့ သွေးကြောတွေ ရှိပါတယ်။ သွေးကြောနံရံ ကြွက်သားမျှင်တွေ ဟော်မုန်းကြောင့် ပျော့ပျောင်းနေလို့ ပိုဖြစ်ပါတယ်။ 🔹ကူညီ ကုသခြင်း - ဝမ်းမချုပ်အောင် ကြိုးစားပါ။ အစားအသောက် ဆင်ခြင်ရုံနဲ့မရရင် ဝမ်းနုတ်ဆေး တစ်ပတ်လောက် သောက်ကြည့်နိုင်ပါတယ်။ Psyllium (Bulk forming), Lactulose (Osmotic), Docusate (stool softener) တွေ အစဉ်လိုက်...

ကြုံတွေ့ရမည့်ကျန်းမာရေးပြသနာများ ၁

Image
ကိုယ်ဝန်ဆောင်စဉ် ကြုံတွေ့ရလေ့ရှိသည့် ကျန်းမာရေး ပြဿနာများ (၁) ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ ကိုယ်ဝန်ဆောင်စဉ်မှာ ဟော်မုန်းအပြောင်းအလဲကြောင့် ကျန်းမာရေး ပြဿနာ အတော်များများ ကြုံတွေ့ရနိုင်ပါတယ်။ တော်တော်များများက မပြင်းထန် အန္တရာယ်မကြီးသော်လည်း အချို့ကတော့ တော်တော်လေးကို စိတ်အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။ ဒီပြဿနာတွေကို ဘယ်လိုကူညီ ကုသနိုင်သလဲကို ပြောပြပါ့မယ်။ အအိပ်ပျက်ခြင်း 🔺🔺🔺🔺🔺 🔹အကြောင်းရင်း စိုးရိမ်လွန်ခြင်း (anxiety)၊ ညဘက် ဆီးသွားများခြင်း၊ ကလေးလှုပ်ခြင်း၊ ကြွက်တက်ခြင်း၊ ခါးနာခြင်း၊ အချဉ် လေ ဆန်ခြင်း များကြောင့် ဖြစ်နိုင်ပါတယ်။ 🔹ကူညီ ကုသခြင်း ☑️အချိန်မှန် အိပ်ရာဝင်ပါ။ ✖️အိပ်ရာဝင်ခါနီး အစာစားခြင်း၊ ရေများများသောက်ခြင်း၊ အားကစားလုပ်ခြင်းများ ရှောင်ပါ။ ☑️တရားထိုင်ခြင်း၊ အနိပ်ခံခြင်း၊ ရေနွေးနွေးဖြင့် ရေချိုးခြင်း၊ မွေ့ရာခပ်မာမာဖြင့် အိပ်ခြင်းတို့ကို လုပ်နိုင်ပါတယ်။ ✖️အလင်းရောင်၊ ဆူညံသံ နည်းနိုင်သမျှ နည်းပါစေ။ ☑️ဒီ post ထဲရေးထားတဲ့ အခြား ပြဿနာတွေကိုလည်း ဖြေရှင်းပါ။ စိုးရိမ်လွန်ခြင်း၊ စိတ်ဆတ်ခြင်း၊ စိတ်ကျခြင်း 🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺 🔹အကြောင...

ကိုယ်ဝန်ဆောင်စဉ်အန်ခြင်း

Image
Pregnancy and vomiting ကိုယ်ဝန်ဆောင်စဉ်အန်ခြင်း ၁။ ကျွန်မနာမည့့် ဖြစ်ပါတယ်။ အရင်ကလည်း ဆရာ့ကို စာ 2, 3 စာရေးပြီး ကျန်းမာရေး ပြဿနာလေးတွေ မေးဖူးပါတယ်။ အရင်ကတော့ မှာနေတယ်ဆရာရှင့်။ အခုတော့ မှာရောက်တာ ခုနစ်လထဲ ဝင်နေပြီဆရာရှင့်။ စာတွေတော့ အမြဲဖတ်ပြီး ကျန်းမာရေး ဗဟုသုတတွေ တိုးပွားလာပါတယ်။ အခု ကျွန်မ ဒုတိယကိုယ်ဝန်က လေးလထဲဝင်နေပြီဆရာ။ အခုထိ မူးတာ အန်တာ မပျောက်ဘူးဆရာ။ OG က အားဆေးနဲ့ အအန်ပျောက်ဆေးလည်း ပေးတယ်။ သိပ်မသက်သာဘူးဆရာရှင့်။ ပြီးတော့ PRENATAL VIRAMINE လည်း သောက်ဖို့ တပတ်မှာ နှစ်ရက်လောက် မေ့မေ့နေတယ်။ ဆရာဝန်ပြောတာ အားဆေးလည်း ပုံမှန်မသောက်ရင် မူးအန်တာပိုဆိုးတယ် ပြောတယ်ဆရာ။ အခုတလော ရာသီဥတုကလည်း အအေးလွန်တော့ အအေးမိဖြစ်နေတယ်။ လူက တရက်မှ မလန်းဘူး။ တချိန်လုံး အိမ်မှာဘဲ လှဲနေရတယ်ဆရာ။ ဘယ်လို လုပ်ရမလဲမသိလို့ ဆရာ့ကို အကူညီတောင်းရတာပါ။ ကူညီပြီး ဖြေပေးပါဦး ဆရာရှင့်။ သွေးလည်းစစ်တယ် Vitamin D လိုတယ်ဆိုလို့ Vitamin D တော့ တပတ်တခါ သောက်ခိုင်းတယ် ဆရာရှင့်။ ၂။ မင်္ဂလာပါဆရာ ကျွန်မ အသက် ၂၆နှစ်ပါ။ ကိုယ်ဝန် ၇ ပတ်ကျော်ပါပြီ။ ပထမဆုံးကိုယ်ဝန်ပါ။ စားသမျှအနပ်တိုင်းလိုလို အန်ပါတယ်။ အစာမရှိရင်လေအန်ပါတယ်ဆရာ။...

ကိုယ်ဝန်ရနိုင်သည့်အကြောင်း

Image
ချစ်တင်းနှောခြင်းမှမဟုတ်ပဲ မတော်တဆ ကိုယ်ဝန် ရသွားနိုင်သောအခြေအနေများ အမျိုးသမီး တစ်ယောက် ကိုယ်ဝန် ရခြင်းနဲ့ ပက်သက်ပြီး လူတွေရှေးခေတ်ထဲက ပြောလာခဲ့တဲ့ နည်းလမ်းတွေရှိပါတယ်။ တစ်ချို့ က စိတ်ကူးယဉ်ဆန်လွန်းပြီး ဖြစ်နိုင်ခြင်းမရှိပါဘူး။ ဒါပေမယ့် အချို့အရာတွေကတော့ အံ့သြစရာကောင်းလောက် အောင် တကယ်ဖြစ်နိုင်ကြပါတယ်။ အချို့အရာတွေက လိင်ဆက်ဆံခြင်းက မဟုတ်ပဲ ကိုယ်ဝန်ရသွားနိုင်ပါတယ်။ သြစတျေးလျနိုင်ငံက Family Planning NSW ရဲ့အဆိုအရ အဝတ်အစားက တစ်ဆင့်တောင် ကိုယ်ဝန်ရနိုင်တယ်လို့ ဆိုပါတယ်။ ဖြစ်လေ့ဖြစ်ထနည်းပေမယ့် တကယ်ကိုဖြစ်နိုင်တဲ့အရာလို့ဆိုပါတယ်။ အကယ်၍ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ယောက်ကျားဖြစ်သူရဲ့သုတ်ရည်က အမျိုးသမီးအင်္ဂါထဲကိုဝင်သွားရင် ကိုယ်ဝန်ရနိုင်ပါတယ်။ ၂ဦးသားဆန္ဒပြီးမြောက် သွားတဲ့အချိန်မှာ အမျိုးသမီးရဲ့အင်္ဂထဲမှာ မထုတ်လွှတ်ခဲ့ပေမယ့် မတော်တဆ အတွင်းခံပေါ်ကိုကျသွားပြီး ထိုအမျိုးသမီး ကအဲ့ဒိအတွင်းခံကို ပြန်ဝတ်ရင်တောင် ကိုယ်ဝန်ရခြင်းဖြစ်နိုင်ပါတယ်။ နောက်တစ်ခုက အမျိုးသမီးတွေအနေနဲ့ နို့ချိုတိုက်ကျွေးနေစဉ်အတွင်း ကိုယ်ဝန် မရဘူးဆိုတဲ့ အယူအဆကို ဆရာဝန်တွေ က လက်မခံကြပါဘူး။ ၆လလောက်အထိ ကိုယ်ဝန်ရနိုင်ေ...

ကိုယ်ဝန်ဆောင်စဉ်သုံးနိုင်တဲ့ဆေးများ

Image
Medicines and Pregnancy ကိုယ်ဝန်ဆောင်စဉ်သုံးနိုင်တဲ့ဆေးများ ၁။ ဆရာ ကိုယ်ဝန်ဆောင်စဉ် မသုံးသင့်သော ဆေးဝါးများကို ပြောပြပေးပါ။ ပြောင်းပြန်သာ ဖြေနိုင်တယ်။ မသုံးသင့်တဲ့ဆေးစာရင်းရေးရင် စာတအုပ်စာလောက်ရှိမယ်။ အသက်၊ ကိုယ်ဝန်သက် စတာတွေမပါလို့ မေးနည်းစည်းကမ်းပို့လိုက်တယ်။ ၂။ ဆရာရေ မင်္ဂလာပါ။ ကျွန်မအသက် ၃၆ ပါ။ ကိုယ်ဝန် ၂၉ ပတ်ထဲမှာပါ။ ဆီးအောင့်လို့ ဆေးစစ်ခိုင်းတာ ဆီးပိုးတွေ့တယ်လို့ ပြောပါတယ်ဆရာ။ ဒါပေမဲ့ တွေ့တဲ့ဆီးပိုးက ကိုယ်ဝန်သည်တွေကို ပေးလို့မရဘူး ထိမှာစိုးလို့ ပြောပါတယ်ဆရာ။ အခုတော့ နည်းနည်းသက်သာပါတယ်ဆရာ။ အသက်ရူရတာလည်း တခါတလေ သိပ်မဝသလိုဘဲဆရာ။ အဲဒါ စိုးရိမ်လို့ပါရှင်။ တခြားကာကွယ်လို့ရမဲ့နည်းလမ်းရှိရင် ပြောပေးပါလား ဆရာရှင်။ ကျေးဇူးတင်ပါတယ်။ ကိုယ်ဝန်က သားဦးပါရှင်။ ၃။ ဆရာ့ရှင့် သမီးနာမည့့် ပါ။ အသက် ၃၅ ပါ။ သားဦးကိုယ်ဝန် တလရှိပါပြီဆရာ။ ညာဘက်ခြမ်းက ဗိုက်အောင့်ပြီး ခါးလဲနာ။ ဆီးလဲပူပြီး ကျဉ်နေလို့ ဆေးခန်းသွားပြတာ ဆရာမက Paracetamol 500mg, Amoxicillin capsule ရယ် ပုံထဲမှာပါတဲ့ SPASMOWIN ရယ် သုံးရက်စာ တနေ့နှစ်ကြီမ် စာ ပေးပါတယ်ဆရာ။ သမီးစိုးရိမ်တာက ဒီဆေးတွေက တလကိုယ်ဝန်ကို ထိခိုက်မှာ စိုးတာပါ။ ဒါေ...

ကိုယ်ဝန်အကြောင်း

Image
အမျိုးသမီးတွေသိထားသင့်တဲ့ ကိုယ်ဝန်အကြောင်း ကိုယ်ဝန်နဲ့ပတ်သက်ပြီး အချို့မိန်းကလေးတွေဟာ ဗဟုသုတနည်းပါသေးတယ်။ ဒီတော့ ကိုယ်ဝန်နဲ့ပတ်သက်တဲ့ အချက်ကလေးတွေကို စုစည်းတင်ပြပေးလိုက်ပါတယ်။ (၁) ကိုယ်ဝန်စတင်ရနိုင်တဲ့အရွယ် ကိုယ်ဝန်စတင်ရနိုင်တဲ့ အရွယ်ကတော့ ရာသီသွေးစပြီး ဆင်းတဲ့အချိန်ကနေ စတင်ပါတယ်။ အချို့ဒေသတွေမှာ အသက်(၁၂)လောက်မှာ စတင်ပြီး ရာသီသွေးဆင်းတတ်သလို၊ အချို့ဒေသတွေမှာတော့ အသက်(၂၀)လောက်အထိ ရာသီသွေးမဆင်းတာမျိုးလည်း ရှိတတ်ပါတယ်။ ရာသီသွေးဆင်းပြီးဆိုရင် သင့်ခန္ဓာကိုယ်ဟာ ကိုယ်ဝန်ဆောင်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ နိမိတ်ပြခြင်းပဲ ဖြစ်ပါတယ်။ (၂) ကိုယ်ဝန်ကို စတင်ငြင်းပယ်တဲ့ အရွယ် Advertisement အမျိုးသမီးတွေရဲ့ သွေးဆုံးချိန်ဟာ ပျမ်းမျှအားဖြင့် အသက်(၄၈)နှစ်အရွယ် ဖြစ်ပါတယ်။ ဒါပေမယ့် အချို့ဒေသတွေမှာတော့ ဒီထက်ပိုပြီးစောနိုင်တာ ရှိသလို၊ ဒီထက်လည်း နောက်ကျနိုင်ပါတယ်။ ဒါပေမယ့် အမျိုးသမီးတွေရဲ့ ခန္ဓာဗေဒအရ ကိုယ်ဝန်ကို စတင်ငြင်းပယ်ချိန်ဟာ အသက်(35)နှစ်မှာ စတင်တယ်လို့ သိရပါတယ်။ ချွင်းချက်တွေလည်း ရှိနိုင်ပါတယ်။ ကိုယ်ဝန်ယူဖို့ အကောင်းဆုံးအရွယ်ကတော့ အသက် 22-26 နှစ်အရွယ်အတွင်းဖြစ်ပြီး 27 နှစ်နောက်ပိုင်းကနေ စတင်က...

ကိုယ်ဝန်ဆောင်စဉ်ရှောင်ရန်အချက်များ

Image
ကိုယ်ဝန်ဆောင်စဉ် ရှောင်ရန်(၆)ချက် =-=-=-=-=-=-=-=-=-=-=-=-=-=-= အမျိုးသမီးတစ်ယောက်အတွက် အလွန်အရေးကြီးဆုံးအချိန်ကို ပြပါဆိုရင် ကိုယ်ဝန်ဆောင်ချိန်ပဲ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်ဟာ အသက်နှစ်ခုနဲ့ သက်ဆိုင်တဲ့ ကာလဖြစ်လို့ အလွန်အရေးကြီးတဲ့ အတိုင်းအတာတစ်ခုအဖြစ် ရှိနေပါတယ်။ ကိုယ်ဝန်ဆောင်စဉ်ကာလမှာ ရှောင်ရမယ့်အရာ (၆)မျိုးကို ဖော်ပြပေးလိုက်ပါတယ်။ (၁) ဖိအားတွေကို ရှောင်ပါ စိတ်ဖိအားများတဲ့ မိခင်လောင်းရဲ့သက်ရောက်မှုကို  ဗိုက်ထဲမှာရှိတဲ့ ကလေးငယ်က တိုက်ရိုက်ခံစားရပါတယ်။ နေ့မစေ့လမစေ့ ကလေးမွေးခြင်း၊ ဓာတ်ချုပ်ခြင်း၊ နောက်ကျောနာကြင်ခြင်း၊ ကလေး ပေါင်ချိန်မပြည့်ဘဲ မွေးဖွားခြင်းတိုြ့ဖစ်စေပါတယ်။ (၂) ဆေးလိပ်/အရက် ရှောင်ပါ မြန်မာနိုင်ငံမှာတော့ အမျိုးသမီးထု တော်တော်တော်များများ အရက်ကိုတော့ ရှောင်ကြပါတယ်။ ဆေးလိပ်သောက်တဲ့ အမျိုးသမီးတွေလည်း ရှိနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ် ဆေးလိပ်အရက်သောက်ခြင်းကြောင့် ဉာဏ်ရည်မမီတဲ့ကလေးကို မွေးဖွားစေပြီး၊ နာကျင်ခြင်း၊ မွေးဖွားစဉ် အသက်အနန္တရာယ်ကို ထိခိုက်စေခြင်း၊ ကလေးအသေ မွေးဖွားခြင်း စတာ တွေ ဖြစ်စေနိုင်ပါတယ်။ (၃) OTC နဲ့ Aspirin ဆေးပြားများကို ရှောင်ကြဉ်ပါ အဆို...

ရှောင်ရှားသင့်သော ဆေးများ

Image
ကိုယ်ဝန်ဆောင်များ ရှောင်ရှားသင့်သောဆေးများ ================================ ကိုယ်ဝန် ဆောင်ချိန် ပထမ သုံးလ တာအတွင်းဟာ ကိုယ်ဝန်ဆောင်သည် တွေအတွက် အရမ်းကို နုနယ်တဲ့အချိန် ပဲဖြစ်ပါတယ်။ ဒီအချိန်မှာ ကိုယ်ဝန်ရှိနေ မှန်းမသိဘဲ တချို့ဆေးဝါးတွေကို သောက် သုံးမိမယ်ဆိုရင်တော့ သင့်ရင်သွေးလေး ကို ထိခိုက်စေနိုင် ပါတယ်။ ဒါကြောင့် ရှောင် သင့်တဲ့ဆေးဝါး တချို့ကို ဖော်ပြပေးလိုက် ပါတယ်။ နာကျင်မှုကို သက်သာစေသော ဆေးဝါးများ သန္ဓေသားကို ထိခိုက်နိုင်ပါတယ်။ ခေါင်း ကိုက်တာမျိုးနဲ့ ကိုယ်လက်ကိုက်ခဲတာမျိုး တွေအတွက် သဘာဝနည်းနဲ့သာ ကုသမှု ခံယူပါ။ နှိပ်နယ်ပေးတဲ့ နည်းလမ်းတွေက ကိုယ်ဝန်ဆောင်ချိန်မှာ ခေါင်းကိုက်တာ နဲ့ ကိုယ်လက်ကိုက်ခဲတာတွေအတွက် အကောင်းဆုံးနည်းလမ်းတွေပဲဖြစ်ပါတယ်။ မှိုစွဲနာကို သက်သာစေသော ဆေးဝါးများ ရောဂါပိုး ဝင်တာကြောင့် အသုံးပြုရ တဲ့ မှိုစွဲနာရောဂါသက်သာစေတဲ့ ဆေးဝါး တွေကို ကိုယ်ဝန်ဆောင်ချိန်မှာ အသုံးမပြု သင့်ပါဘူး။ အကြောင်းအမျိုးမျိုးကြောင့် သင်က အသုံးပြုနေရတယ်ဆိုရင် ဆရာ ဝန်ကို တခြားဆေးပြောင်း သုံးဖို့ အကြံ တောင်းပါ။ ဝက်ခြံအတွက် သောက်ဆေးများ နေရတဲ့ တချို့ဆေးဝါးတွေက ဟော်မုန်း ပြောင်းလဲမှုကို ဖြစ်စေပြီး ဝက်ခြ...